понедельник, 8 августа 2011 г.

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်လတ္တံသော တော်လှန်ရေး နေ့ ( တပ်မတော်နေ့ ) ကို က်ျ ဆောင်းပါး ဖြင့် အကြို ဂုဏ်ပြုလျက် သူမှာတမ်း

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား၊မောင်ပျောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့၊ ထတုန်းတည်း ။
“အမောင်ပြောက်ကျား၊ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း။”
“ငယ်ကကြင်မြတ်၊မိသက်မှတ်ကို
ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ။”
“အမောင်ပြောက်ကျား၊မိဘအားကို
ဘာများမှာခဲ့လိုသနည်း”
“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ ”
“အမောင်ပျောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း”
”ခ၇ီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါရ်ျ
အားနာခဲ့ကြောင်း ပြောယပါလေ။”
ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီ တကား။
မင်းသုဝဏ်

Комментариев нет:

Отправить комментарий